ဖားဆောင်းမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်း ပုံသေပိုင် ပစ္စည်းများ ကွင်းဆင်းစစ်ဆေး

Fixed Assets of NCDDP in Hpasawng Monitored by Respective Officials

Kayah, 6 November 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သည့် ကယား ပြည်နယ် ဖားဆောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းတွင် အသုံးပြုလျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများအား တာဝန်ရှိသူများနှင့် နိုဝင်ဘာလ ၆ ရက်နေ့က မျက်မြင် ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ပြည်နယ် လူထု ဗဟိုပြု စီမံကိန်း ရုံးမှ ဦးစီးအရာရှိ နှင့် တာဝန်ရှိသူများက ဖားဆောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းတွင် အသုံးပြုနေသည့် Toyota Double Cab (4x4) ကား၊ ဆိုင်ကယ်များ ၊ Laptop နှင့် Desktop ကွန်ပျူတာများ၊ Tablet၊ မီးအားမြှင့်စက်။ မီးစက်၊ စသည့် လုပ်ငန်းသုံး ပစ္စည်းများအား မျက်မြင် စစ်ဆေးပြီး ပျက်စီးသည့် ပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ ပြင်ဆင် သုံးစွဲ ကြရန်နှင့် ရုံးသုံး ပစ္စည်းများအား ကိုယ်ပိုင် ပစ္စည်းများကဲ့သို့ စနစ်တစ်ကျ သုံးစွဲကျရန် မှာကြားခဲ့ပါတယ်။

ချစ်ဦးကိုကို (နွားထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/375866097078323