ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Village Concrete Street Construction in Daw Lan Village of Hlaingbwe

Kayin, 11 December 2020, Ministry of Information

ပိုင်ကျုံ ဒီဇင်ဘာ ၁၁

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ဒေါ်လန်းကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ(၆) ရက်နေ့ က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေကျပ် (၂၅၆)သိန်းဖြင့် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည် ၁၉၀၀ပေ ၊ အကျယ် ၁၂ပေ ၊ ၆လက်မ) ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန နှင့် မြို့နယ် နည်းပညာ အကြံ ပေး အဖွဲ့တို့မှ တာ၀န်ရှိ သူများ၏ စနစ်တကျ လမ်းညွန်မှူနှင့် ဒေါ်လန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဦးနှင့် ကျေးရွာ ပြည်သူ လူထုတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ‌ ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/24199