မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို လွှဲပြောင်း ပေးအပ်

NCDDP’s Completed Buildings for Education Handed Over to Respective Departments

Kachin, 21 October 2020, SkyNet Media Coverage

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ အောက်တိုဘာလ ၁၉ ရက် နေ့လည် (၂) နာရီ အချိန်က လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ ပြီးစီးပြီး၊ စီမံကိန်းနှစ် အလိုက် ဆောင်ရွက်ထားရှိမှုကို TPIC ကို ချပြရှင်းလင်းခြင်းနဲ့ စတုတ္ထနှစ်စက်ဝန်းမှာ ဆောင်ရွက်ခဲ့တဲ့ ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပညာရေးဌာနတွေကို လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ မြို့နယ် TPIC ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အဖွင့် အမှာစကား ပြောကြား ခဲ့ပြီး၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းက ပညာရေး ဌာကကို လွှဲပြောင်းပေးမယ့် ကျေးရွာ (၁၉) ရွာမှ လုပ်ငန်းခွဲ ပေါင်း (၂၃)ခု စာရင်းတွေကို Powerpoint နဲ့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဆက်လက်ပြီး မြို့နယ် TPIC ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ကျေးရွာ (၁၉) ရွာမှ လုပ်ငန်းခွဲ ပေါင်း (၂၃) ခု ရဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ အခြေခံ အဆောက်အဦ မှတ်တမ်းတွေကို လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ် ပညာရေးမှူး ဦးကျော်ကျော်မင်းမှ လက်ခံရယူခဲ့ပါတယ်။

မိုးကောင်းမြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း လေးနှစ်စက်ဝန်းမှာ ကျေးရွာ ၇၉ ရွာမှ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၄၂ ခုကို ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

 

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage