လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှု့ စစ်ဆေး

၂၇ မေ ၂၀၂၀၊ ပျဉ်းမနား၊ နေပြည်တော်၊

မြဝတီ သတင်းစာ

နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနား မြို့နယ် ကင်ပွန်းတန်း ကျေးရွာအုပ်စု သစ်ဆိမ့်ပင် ကျေးရွာ၌ ကျေးရွာတွင်း အုတ်ရေမြောင်း တည်ဆောက်ခြင်းနှင့် ထပ်ပိုးကျေးရွာ လူထုခန်းမ တည်ဆောက်နေမှုကို မေ ၂၆ ရက် နံနက်ပိုင်းတွင် ပျဉ်းမနား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးသည်။

ထိုသို့ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ရာတွင် ပျဉ်းမနား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများအား လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကင်ပွန်းတန်း ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင် ကျေးရွာ အရှည်ပေ ၂၀၀၀ ခန့်ရှိ ကျေးရွာ အတွင်း အုတ်ရေမြောင်း လုပ်ငန်းနှင့် ထပ်ပိုး ကျေးရွာ အလျားပေ ၅၀၊ အနံပေ ၃၀ အမြင့် ၁၂ ပေရှိ ကျေးရွာလူထုခန်းမ တည်ဆောက်နေမှု အခြေအနေများကို ကျေးရွာ စီမံကိန်း ကော်မတီများက ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် အရည်အသွေး ပြည့်မိရေးနှင့် အချိန်မီ ပြီးစီးရေးအတွက် ဆွေးနွေး အကြံပြုပြီး၊ အခက်အခဲများ ရှိပါကလည်း မြို့နယ်သို့ အချိန်မီ တင်ပြဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။

သတင်း - နိုင်ထွန်း

Credit- Myawaddy Daily Newspaper Coverage

#NCDDP #DRD #MOALI #WorldBank