မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးနဲ့ လူထုဗဟိုပြု စီမံကိန်းရုံးတွေမှာ ရောဂါကာကွယ်ရေး ဒုတိယ အကြိမ် ပိုးသတ်ဆေးဖြန်း

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှာ Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုကနေ ကာကွယ်ဖို့ ဧပြီလ ၂၀ ရက်နေ့က မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းက အနီးကပ် ကြီးကြပ်မှုနဲ့ ဝန်ထမ်းတွေက မြို့နယ် ဦးစီးမှူး ရုံးခန်း၊ အစည်းအဝေးခန်းမ၊ ရုံးခန်းမ၊ ကွန်ပျူတာခန်း၊ လူထု ဗဟိုပြု စီမံကိန်း ရုံးခန်း၊ ဝင်ပေါက် ထွက်ပေါက် လှေခါးတွေ၊ ပြတင်း တံခါး ဘောင်တန်းတွေကို ဒုတိယ အကြိမ် ပိုးသတ်ဆေး ဖြန်းခဲ့ပါတယ်။

 

ပိုးသတ်ဆေး ဖြန်းတာကိုတော့ ဧပြီလ ၃ ရက်နေ့မှာ ပထမ အကြိမ် ဆောင်ရွက်ခဲ့ပြီးတော့ အခုဆောင်ရွက်တာ ကတော့ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

 

ဒါအပြင် ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါ ကာကွယ်ဖို့ ဝန်ထမ်းတွေ ရုံးတက်ချိန်မှာ ကိုယ် အပူချိန် တိုင်းတာတာနဲ့ လက်ကို ဆပ်ပြာရည်နဲ့ စနစ် တစ်ကျ ဆေးကြောခြင်းတွေကို မြို့နယ် ဦးစီးမှူးနဲ့ ဦးစီးအရာရှိတို့က အနီးကပ် မပြတ် ကြီးကြပ်လျက် ရှိကြောင်း မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းထံကနေ သိရပါတယ်။

သတင်း - ဧဧလေး