ကျောက်ကြီးမြို့နယ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော လူထု ဗဟိုပြုစီမံကိန်း လုပ်ငန်းများနှင့် စာရွက်စာတမ်းများအား ကွင်းဆင်းစစ် ဆေး

Documentation for NCDDP’s Project Implementation in Kyaukkyi Monitored by Respective Officials

Bago, 5 December 2020, Development News TV

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်း လုပ်ငန်းခွဲများ အားလုံးမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ပါ၍ စီမံကိန်း(၄)နှစ်တာ ကာလကို စီမံကိန်း လုပ်ထုံးလုပ်နည်းများ အတိုင်း အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သော ကျေးရွာအုပ်စု (၁၃)စု တို့အား အပြီးသတ် ဘဏ်စာရင်း ပိတ်ခြင်းနှင့် စီမံကိန်း ပိတ်သိမ်းခြင်း လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူများမှ (၁.၁၂.၂၀၂၀) မှ (၄.၁၂.၂၀၂၀) အထိ ကွင်း ဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ပဲခူးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်းမှ တိုင်းဒေသကြီး နည်းပညာ အကြံပေး ဦးပီတာ ထန်ခပ်မုံ၊ အခြေခံ အဆောက်အဦး ဆိုင်ရာ နည်းပညာ အကြံပေး ဦးရန်အောင်၊ တိုင်းဒေသကြီး အခြေခံအဆောက်အဦး တာဝန်ခံ ဒေါ်အိသဲနိုင်နှင့် တိုင်း ဒေသကြီး ဘဏ္ဍာရေး တာဝန်ခံ ဒေါ်ဟန်နီစိုးထက်တို့သည် ကျောက်ကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်တင်နီလာဝင်းနှင့် ဘဏ္ဍာရေး တာဝန်ခံ ဒေါ်ခင်မိမိရီတို့ လိုက်ပါလျက် စီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော မုန်းဒေသအတွင်းရှိ စီမံကိန်း လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွန်းများ အတိုင်း ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျေးရွာများတွင် ထားရှိရမည့် စာရွက်စာတမ်းနှင့် လုပ်ငန်းသုံး ငွေစာရင်းဖိုင်များ ထားရှိမှု အခြေအနေတို့အား ကြည့်ရှုခြင်း၊ ရုံးတွင် ထားရှိရမည့် စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ အခြေခံ အဆောက်အဦးဆိုင်ရာ ထားရှိရမည့် စာရွက်စာ တမ်းများနှင့် ငွေကြေးသုံးစွဲမှုများအား တိုက်ဆိုင်စစ်ဆေးပြီး တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များအပေါ် မြို့နယ် စာရင်းစစ်ရုံး၏ တာဝန်ရှိသူများ စစ်ဆေးစဉ် ပိုမို အဆင်ပြေစေရန် အတွက် စီမံကိန်း ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းများအား COVID-19 ကာလ အကောင် အ ထည်ဖော် ဆောင်ရွက်ရေး လမ်းညွန်ချက်များနှင့် အညီ ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

ဝင်းညီညီလတ်(CSAG)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://www.facebook.com/108312817273501/videos/406696207197416