ပန်းတောင်းမြို့နယ် ညောင်ပင်သာ ကျေးရွာ သနီ ချောင်းကူး ကြိုးတံတား တည်ဆောက်မှု ကြည့်ရှု စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသိန်းကျော်က မတ်လ ၁၈ ရက်နေ့က ပြည်ခရိုင် ပန်းတောင်း မြို့နယ်မှာ တာဝန်ရှိသူများနဲ့အတူ ပန်းတောင်းမြို့နယ် ဇရပ်လှ ကျေးရွာ အုပ်စု၊ ညောင်ပင်သာ ကျေးရွာမှာ သနီ ချောင်းကူး ကြိုးတံတား တည်ဆောက်မှုကို သတ်မှတ် စံချိန်စံနှုန်းအတိုင်း ဆောင်ရွက်ရေး ကြည့် ရှု စစ်ဆေးခဲ့ပါတယ်။

ထိုကဲ့သို့ စစ်ဆေးရာမှာ ကျေးရွာ တာဝန်ကျ စည်းရုံးရေးမှူးများနဲ့ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များက သနီချောင်းကူ ကြိုးတံတား တည်ဆောက်မှု အခြေအနေများကို ရှင်းလင်း တင်ပြမှု အပေါ် တိုင်းဒေသကြီး လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသိန်းကျော်က တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဘေးအန္တရာယ် ကင်းရှင်းရေး အထူး ကြပ်မတ် ဆောင်ရွက်သွားကြရန်နဲ့ အကာအကွယ်ပစ္စည်းများ အသုံးပြုကြရန် မှာကြားပါတယ်။

အဆိုပါ ကြိုးတံတားကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည် ဖော်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ပံ့ပိုးငွေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank