ပေါင်မြို့နယ် Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း မှတ်တမ်းတွေကို ကွင်းဆင်းစစ်ဆေး

Documentation for Cash for Work and Village Revolving Fund Activities in Paung Monitored by Respective Officials

စိုက်ပျိးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှု အောက်မှာ ရှိတဲ့ မြို့နယ် ၁၀ မြို့နယ်မှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ဆောင်ရွက်ပြီးစီးမှု အခြေအနေနဲ့ စာရင်း ဇယားတွေ တိကျမှန်ကန်မှု ရှိစေဖို့ ကွင်းဆင်း ဆောင်ရွက်ပေး နေရာမှာ မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာဝင်းနဲ့ ဝန်ထမ်းတွေက ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်တဲ့ Cash for Work စီမံကိန်း ကျေးရွာ ၇ ရွာနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ကျေးရွာ ၇ ရွာကို စာရင်း ဇယားတွေ မှန်ကန်မှု ရှိမရှိ၊ အထောက်အထား မှတ်တမ်းတွေ ပြည့်စုံစွာ ထိန်းသိမ်းထားမှု ရှိမရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ဒါအပြင် ပေါင်မြို့နယ် ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းတွေ အနေနဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အမြန်ဆုံး လိုက်နာ ဆောင်ရွက် သွားကြဖို့ကို လည်း မှာကြားခဲ့ပါတယ်။

သတင်း - ဖြိုးကျော် (ပုံတောင်မြေ)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage