NCDDP’s Village Concrete Street Construction Kicked Off in Yae Min Thar Yar of Hlaingbwe
Kayin, 28 November 2020, Ministry of Information
လှိုင်းဘွဲ နိုဝင်ဘာလ ၂၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ကမော့ကချူးကျေးရွာ အုပ်စု ရေမင်းသာယာ ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်း ကို ယမန်နေ့က စတင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ (၂၁,၁၀၀,၀၀၀)ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည် ၁၁၁၀ပေ x အကျယ် ၁၄ပေ x ထု ၆လက်မ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက် နည်း ပညာမှူး နန်းဆုလဲ့ဖြူ၊ လူထုစည်းရုံးရေးမှူး ဒေါ်မျိုးမမလေးတို့၏ အနီးကပ် ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information
https://www.moi.gov.mm/iprd/news/22695
http://www.mdn.gov.mm/my/remngsaayaakeraa-raattngknkrclm-cttngakeaangathnnypheaa