မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး ဆောမြို့နယ်၊ ကံကြီးကျေးရွာ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကမ္ဘာ့ဘဏ််နှင့် အီတလီချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်တဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္တနှစ်စက်ဝန်း ကံကြီးကျေးရွာ ဘက်စုံသုံးခန်းမ ပြုပြင်မွမ်းမံခြင်း စီမံကိန်းလုပ်ငန်းခွဲ ကွင်းဆင်း စစ်ဆေးခြင်းကို မကွေးတိုင်း ဒေသကြီး စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်တို့က ကွင်းဆင်းစစ်ဆေး ကြည့်ရှု့ခဲ့ပါတယ်။

 

ကံကြီးကျေးရွာမှာ ရှိတဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေ၊ ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းတွေ တွေ့ဆုံခဲ့ပြီး၊ ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဆောင်ရွက်ပြီးစီမှုနဲ့ ဆက်စပ်ဆောင်ရွက်မယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်မှုနှင့် အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။

 

အဲနောက်မှာတော့ ကျေးရွာဘက်စုံသုံးခန်းမ၊ ကျေးရွာလမ်းနဲ့ ကျေးရွာ ရေနှုတ်မြောင်းကို လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ပါတယ်။

 

သတင်း - ရှု့မောင် (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank