ပေါက်မြို့နယ်၌ လူထုဗဟိုပြု စီမံကိန်း ပညာရေး ဆိုင်ရာ အဆောက်အဦး ၂၃၄ ခုကို အခြေခံပညာ ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ

NCDDP’s 234 Buildings for Education Handed Over to Respective Department

Pauk, 13 November 2020, Myanmar Digital News

ပေါက် ၁၃ နိုဝင်ဘာ

မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပေါက်မြို့နယ် အတွင်း လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေး ဆိုင်ရာ အဆောက်အဦ ၂၃၄ ခုကို အခြေခံပညာ ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းနှင့် ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က အဖွင့်အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ပညာရေးဆိုင်ရာ အခြေခံ အဆောက်အဦများ လွှဲပြောင်း ပေးအပ်ရခြင်း ရည်ရွယ်ချက် နှင့် ပညာရေးဆိုင်ရာ အဆောက်အဦ များဖြစ်သော စာသင် ကျောင်းဆောင် တိုးချဲ့ပြုပြင်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေ အနေများကို ရှင်းလင်း ပြောကြားပါသည်။

ထို့နောက် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပညာရေးဆိုင်ရာ အဆောက်အဦ ၂၃၄ ခုနှင့် ပတ်သက်သည့် အချက်အလက်နှင့် အထောက်အထား စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ အခြေခံပညာ ဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးမြင့်ဌေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။

ပေါက်မြို့နယ် အတွင်း လူထုဗဟိုပြု စီမံကိန်းဖြင့် ပထမနှစ်စက်ဝန်းနှင့် ဒုတိယနှစ်စက်ဝန်းတွင် ပညာရေးဆိုင်ရာ အဆောက်အဦ ၁၁၄ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၈၆၁ ဒသမ ၄၆ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၅ ဒသမ ၅၆ သန်း စုစုပေါင်း ငွေကျပ် ၈၉၇ ဒသမ ဝ၂ သန်းဖြင့်လည်းကောင်း၊ ဒုတိယနှစ်စက်ဝန်းနှင့် တတိယနှစ် စက်ဝန်းတွင် ပညာရေးဆိုင်ရာ အဆောက်အဦ ၁၂၀ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၄၂၅ ဒသမ ၁၈ သန်း၊ ပြည်သူ ထည့်ဝင်ငွေ ၁၅၂ ဒသမ ၁၈ သန်း စုစုပေါင်း ၁၅၇၇ ဒသမ ၃၆ သန်းဖြင့်လည်းကောင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ထံမှ သိရသည်။

သန်းလွင်(မကွေး)

http://www.mdn.gov.mm/my/pekmiunyn-pnnyaarechiungraaacheaakauu-234-khukiu-akhekhnpnnyaauuciitthaansiu-laipeaang-peappaikngp