သဲကုန်း မြို့နယ် ရွာသာယာ ကျေးရွာ အုပ်စု ကျေးရွာများအတွက် လူထု ဗဟိုပြု စီမံကိန်း ရန်ပုံငွေ ခွဲဝေရန် ညှိနှိုင်း စည်းဝေး

Meeting Organized for Fund Allocation for NCDDP’s Sub-project Activities in Ywa Thar Yar of Thegon

Bago, 16 November 2020, SkyNet Media Coverage

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်း မြို့နယ် ရွာသာယာ ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ ၁၂ ရွာမှာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ ခွဲဝေခြင်း အုပ်စု အစည်းအဝေး အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပ ခဲ့ပါတယ်။

ရှေးဦးစွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထင်ကျော်မှ အဖွင့် အမှာ စကား ပြောကြားခြင်း မြို့နယ် CSAG တာဝန်ခံ ဒေါ်လင်းလင်းထက်မှ ဖွံ့ဖြိုးရေးနဲ့ ပတ်သတ်ပြီးတော့ ရှင်းလင်း ပြောကြားပြီး၊ ကျေးရွာ တာဝန်ခံ CF, TF များမှ အမှန်တစ်ကယ်လိုအပ်နေတဲ့ ကျေးရွာများအား ဦးစားပေး စဉ်းစား ဆောင်ရွက်သွားသင့်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ရန်ပုံငွေကျပ် ၃၆၄ ဒသမ ၂၉၆၅ သန်းကို ကျေးရွာ ၁၂ ရွာအတွက် စီမံကိန်း လုပ်ငန်းခွဲအလိုက် ရန်ပုံငွေများ ခွဲဝေခဲ့ရာ ဦးစားပေး ဆောင်ရွက်သင့်တဲ့ ရွှေလင်ကျေးရွာ မြေသားလမ်း ခင်းခြင်း၊ ကျောင်းစုကျေးရွာ မြေနီလမ်းခင်းခြင်း၊ ကြွယ်ပါလု ကျေးရွာ မြေနီလမ်း ခင်းခြင်း မိမ္မပြေ ကျေးရွာ မြေနီလမ်း ခင်းခြင်း၊ ကြက်မရ ကျေးရွာ လျှပ်စစ် မီးလင်းရေး၊ ရှမ်းရွာ ကျေးရွာ လျှပ်စစ်‌ မီးလင်းရေး တို့ကို တတိယနှစ် စက်ဝန်းမှာ ဆောင်ရွက်ဖို့အတွက် ဦးစားပေး ခွဲဝေခဲ့ပြီးတော့ ကျန်ရှိနေတဲ့ ကျေးရွာ ၆ ရွာ ကို စတုတ္ထနှစ် စက်ဝန်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သတင်း - ငြိမ်းသူ

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage