ကော့ကရိတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း လုပ်ငန်းခွဲပေါင်း ၁၇၈ ခု ၁၀၀ ရာခိုင်နှုန်း ပြီးစီး

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) မှာဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအားလုံး စက်တင်ဘာလ ပထမပတ်မှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါတယ်။

ကော့ကရိတ် မြို့နယ်မှာ ကျေးရွာအုပ်စာ ၅၃ အုပ်စုရှိပြီး၊ ကျေးရွာပေါင်း ၂၅၉ ရွာ ရှိရာမှာ လူထု ဗဟိုပြု စီမံကိန်းက စီမံကိန်း လုပ်ငန်းခွဲ ပေါင်း ၁၇၈ ခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ အဲဒီလုပ်ငန်းတွေဟာ လမ်းပန်းဆက်သွယ်ရေး ၁၃၆ ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦး ၂၉ ခု၊ ကျေးရွာ လူထု ခန်းမဆောင် ၈ ခု၊ လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်း ၂ ခု၊ ကျေးရွာ ရေရရှိရေး လုပ်ငန်း ၂ ခုနဲ့ မြေကာနံရံ တည်ဆောက်ခြင်း လုပ်ငန်း တစ်ခု တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၁၉၃ သန်းနဲ့ လူထု ထည့်ဝင်ငွေကျပ် ၃၂၂ သန်း၊ စုစုပေါင်း ၃၅၁၅ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်း လုပ်ငန်းခွဲတွေ ရွေးချယ်တဲ့ လုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ ဆင်းရဲနွမ်းပါးတဲ့ ထိခိုက်လွယ် အုပ်စုတွေ ကျား-မ မရွေး ပူးပေါင်း ပါဝင်စေခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - စောဌေးရီ (ကျေးလက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank