မိုင်းခတ်မြို့နယ် စီမံကိန်း လုပ်ငန်းခွဲတွေကို ပြည်နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ ခရိုင် မိုင်းခတ်မြို့နယ် ဝမ်ခုတ်ကျေးရွာ အုပ်စု ဟွေကျန့် ကျေးရွာမှာ Cash for Work စီမံကိန်း ရန်ပုံငွေနဲ့ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ညွှန့်ကြည်နဲ့ တာဝန်ရှိသူတွေဟာ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်းစစ်ဆေးရာမှာ ညွှန်ကြားရေးမှူး ဒေါ်ညွှန့်ကြည်က စီမံကိန်း လုပ်ငန်းခွဲကို သတ်မှတ် စံချိန်စံညွှန်းနဲ့ အညီ အချိန်မှီ ပြီးစီးရေး ဆောင်ရွက်ဖို့ ကျေးရွာ ကော်မတီဝင်တွေကို မှာကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ညွှန်ကြားရေးမှူးနဲ့ အဖွဲ့ဟာ VRFP စီမံကိန်း ဆောင်ရွက်လျက် ရှိတဲ့ မိုင်းနွန်းအုပ်စု ပါကန်ကျေးရွာကို မြေပြင်ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပါတယ်။

အဲနောက်မှာ ပြည်နယ် မွမ်းမံ ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ တပ်မိုင်ကျေးရွာ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းနဲ့ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့ပြီး ဖြစ်တဲ့ ပါကန် ကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းတို့ကို ကွင်းဆင်း ရာမှာ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှာ တာဝန်ရှိသူတွေက လုပ်ငန်းနဲ့ ပတ်သတ်တာတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#CERP, #CFW, #NCDDP, #DRD, #MOALI

Credit – SkyNet Media Coverage