ငဖဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားတွင် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို အမှာစကား ပြောကြား

Magwe Region Chief Minister Dr. Aung Moe Nyo Delivers Opening Remarks at NCDDP’s Socialization Meeting for Ngape

Magway, 20 November 2020, SkyNet Media Coverage

နေပြည်တော် ၁၈ နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ် တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မှာ စတင်အကောင် အထည်ဖော် ဆောင်ရွက်မယ့် မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က Virtual Conference စနစ်နဲ့ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

ရှေးဦးစွာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက် အဖွင့် အမှာ စကား ပြောကြားခဲ့ပြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ကမ္ဘာဘဏ် ကိုယ်စားလှယ် Ms. Patricia Fernandes တို့က အမှာစကား ပြောကြားကြပါတယ်။

ဆက်လက်ပြီးတော့ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာ သူတွေက စီမံကိန်းနဲ့ ပတ်သက်ပြီး သိရှိလိုတာတွေကို မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက ပြန်လည် ဖြေကြားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားတယ်လို့ သိရပါတယ်။

 

သတင်း - သန်းလွင်(မကွေး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage