ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းခွဲ (၁၈၆)ခု ဆောင်ရွက်ပြီးစီး

NCDDP’s 186 Sub-project Activities completed for its Fourth Year Project Cycle in Hsihseng

Shan, 25 October 2020, Ministry of Information

ဆီဆိုင် အောက်တိုဘာ ၂၅

ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကို တို့ရှေးရှု ဆောင်ပုဒ်နှင့် အညီ ကျေးလက်နေ ပြည်သူများ၏ အခြေခံ လိုအပ်ချက်ကို လက်လှမ်းမီ ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် စီမံကိန်း ရန်ပုံငွေေကျပ် (၁၉၉၅) သန်းဖြင့် စီမံကိန်း လုပ်ငန်းခွဲပေါင်း (၁၈၆) ခု ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် စီမံကိန်း ရန်ပုံငွေ ကျပ်(၁၉၉၅)သန်း ဖြင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်း(၈၃)ခု၊ တံတား တည်ဆောက်ခြင်း လုပ်ငန်း(၆) ခု၊ မီးရရှိရေးလုပ်ငန်း(၄)ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦ (၃၇)ခု၊ ရေရရှိရေး လုပ်ငန်း(၂၅)ခု၊ ကျန်းမာရေးနှင့် ဆိုင်သော အဆောက် အဦ (၁)ခု၊ ကျေးရွာ အဆောက်အဦ(၂၈) ခု၊ အခြား အဆောက်အဦ(၂) ခု၊ စုစုပေါင်း စီမံကိန်း လုပ်ငန်း ခွဲပေါင်း(၁၈၆)ခု အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပြီး ကျေးရွာ အုပ်စု (၁၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈၇) ရွာ၊ အိမ်ထောင်စုပေါင်း(၁၉၆၆၂) မှ လူဦးရေ (၁၀၇၃၁၁) ဦး အကျိုးခံစားခွင့် ရရှိခဲ့ကြောင်း ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ ပြန်ကြားရေး တာဝန်ခံ ဒေါ်ယဉ်ယဉ်အေး ထံမှ သိရသည်။

ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းတွင် စီမံကိန်း ရန်ပုံငွေ ကျပ်(၁၄၃၀) သန်း ဖြင့် လုပ်ငန်းခွဲ ပေါင်း (၁၉၉)၊ ဒုတိယနှစ် စက်ဝန်းတွင် စီမံကိန်း ရန်ပုံငွေ ကျပ်(၁၄၉၀) သန်းဖြင့် လုပ်ငန်းခွဲ ပေါင်း(၁၆၁) ခု၊ တတိယနှစ် စက်ဝန်းတွင် စီမံကိန်း ရန်ပုံငွေ ကျပ် (၁၉၉၅)သန်းဖြင့် လုပ်ငန်းခွဲ ပေါင်း (၁၇၇)ခု၊ ယခု စတုတ္ထနှစ် စက်ဝန်းတွင် စီမံကိန်း ရန်ပုံငွေကျပ် (၁၉၉၅)သန်းဖြင့် လုပ်ငန်းခွဲ ပေါင်း(၁၈၆) ခု၊ (၄)နှစ်အတွင်း စီမံကိန်း ရန်ပုံငွေကျပ်(၆၉၁၀) သန်းဖြင့် စီမံကိန်းလုပ်ငန်းခွဲ ပေါင်း(၇၂၃) ခု ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/18104