ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း များကို ကြည့်ရှု စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပဲခူးတိုင်း ဒေသကြီး ဂန့်ကော ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်ဝန်း ကျေးရွာတွေ ဖြစ်တဲ့ တောင်ပေါ်ကြီး ကျေးရွာကို စီမံကိန်း လုပ်ငန်းတွေ အပြီးသတ်နိုင်ဖို့ အတွက် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ရုံးက လက်ထောက်နည်းပညာမှူး တွေ ဖြစ်တဲ့ ဒေါ်မြတ်ဆုမွန်နဲ့ လူထု စည်းရုံးရေးမှူး ဒေါ်မိုးမိုးနွယ်က ကွင်းဆင်း စစ်ဆေး ကြည့်ရှုတယ်လို့ သိရပါတယ်။

 

ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၃၃ သိန်းကျပ်နဲ့ ဆောင်ရွက်လျက် ရှိတဲ့ ကျေးရွာတွင်း ပေ ၂၉၀၀၊ အကျယ် ၁၂ ပေ ရှိတဲ့ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းတွေကို ကြည့်ရှု စစ်ဆေးပြီး၊ လုပ်ငန်းခွဲဆောင်ရွက်ရာမှာ အကာအကွယ် ပစ္စည်းတွေ အသုံးချစေရေး၊ လုပ်ငန်းခွင်အတွင်း လုပ်သား ဦးရေ သတ်မှတ်ပေးပြီးတော့ နေ့အလိုက် ဆောင်ရွက်စေရေး ညှိနှိုင်းဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလုပ်ငန်းခွဲမှာ လက်ရှိအနေနဲ့ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒီ ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကော်မတီဝင်တွေကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ Covid-19 အကြောင်း သိထားရမယ့် အရာတွေကို လည်း မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ရှုမောင်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank