ရမည်းသင်း မြို့နယ်တွင်း ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲများ ဆွေးနွေး အတည်ပြု

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်မှာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် စီမံကိန်း လုပ်ငန်းခွဲများ အတည်ပြုနိုင်‌ရေး ဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ ၁၃ ရက် မနက် ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ ကျင်းပတယ်လို့ သိရပါတယ်။

 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်တို့က အမှာစကားပြောကြားပါတယ်။ ဆက်လက်ပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်နိုင်မိုးက ကျေးရွာတွေက ဦးစားပေး အစီအစဉ်တွေက ရွေးချယ်ထားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို ရှင်းလင်း တင်ပြမှု အပေါ် သက်ဆိုင်ရာ ဌာနတွေက ဆောင်ရွက်မယ့် လုပ်ငန်းတွေ မထပ်စေရေး တိုက်ဆိုင် စစ်ဆေးကြပါတယ်။

 

အဲနောက်မှာတော့ အဲဒီနောက် ပညာရေး ၁၁ ခု၊ လျှပ်စစ် မီးလင်းရေး ၂၈ ခု၊ ကျေးရွာချင်းဆက်လမ်း ၆ ခု၊ ရေပေးဝေရေး လုပ်ငန်း ၉ ခု၊ ကျေးရွာ ခန်းမ ၄ ခု၊ စာကြည့်တိုက် ၁ ခု၊ ရွာတွင်း လမ်းတံတား ၅၂ ခု၊ တစ်ခြားလုပ်ငန်း ၁၀ ခု စုစုပေါင်း စီမံကိန်း လုပ်ငန်းခွဲ ၁၂၁ ခုကို စီစစ် အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

 

သတင်း- မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank