စီမံကိန်း ဝန်ထမ်းများ တွေ့ဆုံ ဆွေးနွေးပွဲ မိုင်းခတ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယနှစ် စက်ဝန်း စီမံကိန်း ဝန်ထမ်းများအားလုံးပါဝင်တဲ့ လစဉ် ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ရုံးမှာ ပြုလုပ်ပါတယ်။

 

အဲဒီအစည်းအဝေးမှာ လူထုဗဟိုပြု စီမံကိန်းမှ အဖွဲ့ခေါင်းဆောင် ဦးဟိန်းမင်းစိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန DRD ဦးမျိုးသန့်၊ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့- TTA တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ဆောင်ရန် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

 

အဲဒီနောက်မှာ လူထု စည်းရုံးရေးမှူးတွေနဲ့ လက်ထောက်နည်းပညာမှူးတွေက ကျေးရွာအလိုက် ကြုံတွေ့ရတဲ့ အခက်အခဲတွေ အောင်မြင်မှုတွေကို တင်ပြကြပါတယ်။ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ဟာ ကြုံတွေ့ရတဲ့ ပြဿနာအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် အပြန်အလှန် အကြံဉာဏ်တွေ ရယူနိုင်ဖို့နဲ့ ရှေးလုပ်ငန်းစဉ်တွေ အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ အတွက် ဖေဖေါ်ဝါရီလအတွက် လုပ်ငန်းအစီအစဉ်တွေ ရေးဆွဲနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank