ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အတွင်းရှိ Cash for Work စီမံကိန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၃၁ရွာ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု စာရင်းဇယားများ ပြုစုထားရှိမှု ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အတွင်းရှိ Cash for Work စီမံကိန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၃၁ရွာ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု စာရင်းဇယားများ ပြုစုထားရှိမှု ကွင်းဆင်းစစ်ဆေး

Documentation for Cash for Work Project in 31 Villages of Tetkon Monitored by Respective Officials

Naypyitaw, 22 October 2020, Development News TV

ပြည်ထောင်စု နယ်မြေ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးတင်မောင်အေးနှင့် အဖွဲ့သည် အောက်တိုဘာလ ၂၁ ရက်နေ့က တပ်ကုန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တပ်ကုန်း မြို့နယ်

အတွင်း Cash for Work စီမံကိန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၃၁ ရွာ၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စာရင်း ဇယားတွေ ပြုစု ထားရှိမှု အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စီမံကိန်း လုပ်ငန်းများ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ပြည်ထောင်စု နယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်း မြို့နယ်မှာ နိုင်ငံတော် အစိုးရက ချမှတ်ထားသော CERP အရ ကိုဗစ် ၁၉ စီးပွား‌‌ရေး ကုစားမှု အစီအစဉ် တစ်ရပ်အဖြစ် ကျေးလက်နေ ပြည်သူများ လူမှု စီးပွားဘဝ ထိခိုက်မှုကို တုန့်ပြန် ဆောင်ရွက်သည့် အနေဖြင့် မြို့နယ် အတွင်းရှိ ဝင်ငွေနည်းပါးသော ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးသည့် အတွက် ပုံမှန် ဝင်ငွေ ရရှိပြီး၊ ကျေးရွာများ၏ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းကို ကျေးရွာ ၃၁ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်း လုပ်ငန်းများအားလုံး စက်တင်ဘာလက ပြီးစီးခဲ့ကြောင်း တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဆက်နိုင်ထွန်းဆီက သိရှိရပါတယ်။

ဆက်ချစ် (ကျေးလက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit - Development News TV

https://web.facebook.com/108312817273501/videos/263570351741219