COVID -19 ကူးစက်ရောဂါ သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအတွက် Cash for Work စီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

Sunday, July 26, 2020

COVID -19 ကူးစက်ရောဂါ သက်ရောက်ခြင်းခံရတဲ့ ကျေးလက်ဒေသများရှိ ပြည်သူများအတွက် Cash for Work စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ် ကျည်တော် ကျေးရွာ အုပ်စု စာစီ ကျေးရွာမှာ Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်တဲ့ ရေကန်သွားလမ်း မြေသား တာဘောင် ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ စီမံကိန်း လုပ်ငန်းကြောင့် ကျေးလက်နေ ပြည်သူများ လုပ်အားဝင်ငွေ ရရှိစေတဲ့ အပြင် ကျေးရွာ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

အလားတူ ကိုဗစ် ၁၉ ရောဂါကြောင့် လယ်ယာ ထွက်ကုန် လုပ်ငန်းများအပေါ် ထိခိုက်မှု မရှိစေရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာ အသုံးပြုနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနက COVID -19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် တစ်နိုင်ငံလုံး မိုးစပါးမျိုးစေ့ထုတ် ဧက(၁)သိန်း အပြည့်အဝ စိုက်ပျိုးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အကောင်အထည်ဖော်ဆောင်ရွက် ရှိတာကြောင့် မကွေးတိုင်း ဒေသကြီး မကွေးခရိုင် မြို့သစ် မြို့နယ်မှာ စပါးမျိုးစေ့ထုတ် စိုက်ဧရိယာ ၂၆၁ ဧကကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းနဲ့ ဆက်လက် ဖြန့်ဖြူးရောင်းချ ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ထို့အတူ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ ဦးဆောင်မှုရဲ့ ကိုဗစ်ကာလ စီးပွားရေး လုပ်ငန်းများ ပြန်လည် ဦးမော့လာစေဖို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ Cash for Work စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေတဲ့ လမ်းခင်းခြင်းနဲ့ ရေမြောင်းများ တူးဖော်ခြင်း စတဲ့ လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

သတင်း - တိုင်းဒေသကြီး/ ပြည်နယ် (ပြန်/ဆက်)

https://www.mrtv.gov.mm/mm/news-82490