မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် နန်ကြူကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်း (၉၆) ရာခိုင်နှုန်းနှင့် ကျောက်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်း (၉၈) ရာခိုင်နှုန်းပြီးစီး

စေတုတ္တရာ ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက် နေပြည်သူများ ဝင်ငွေ ရရှိစေမည့် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ နန်ကြူကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်းလုပ်ငန်း (၉၆)ရာခိုင်နှုန်းနှင့် ကျောက်စီရေမြောင်း တူးဖော်ခြင်း လုပ်ငန်း (၉၈)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀) ဖြင့် နန်ကြူ ကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ပျက်စီးမှုမဖြစ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန် အရှည်(၂၀၀၀)ပေ၊ အကျယ်(၇)ပေ၊ ထု(၉)လက်မရှိသော ကျေးရွာတွင်းလမ်းပြုပြခြင်းနှင့် အလျား (၇၅၀)ပေ၊ အနံ(၁)ပေ(၆)လက်မ၊ အမြင့်(၂)ပေ ရှိသော ကျောက်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်း (၉၆)ရာခိုင်နှုန်းနှင့် ကျောက်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်း (၉၈)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ အကျိုး ဆက်ခံရသော ကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျေးရွာများတွင်ကုန်ထုတ်လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့်ကျေးလက်ဒေသများတွင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်လျက် Cash For Work စီမံကိန်းအနေဖြင့် ကျေးရွာ(၈) ရွာတွင် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း လုပ်ငန်း(၅)ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်း (၆)ခု၊ မြေသား ရေကန်ပြုပြင်ခြင်းလုပ်ငန်း(၂)ခုနှင့် ရေကာတန်း ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊ စုစုပေါင်း စီမံကိန်းလုပ်ငန်း(၁၄)ခုတို့အား ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း (၁၀၀)စီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းထံမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/6406