ပြင်ဦးလွင်မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင် ဩဂုတ် ၂၄

ပြင်ဦးလွင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်သည့် ကျေးရွာ (၇) ရွာအနက် မဲတောကျေးရွာနှင့် ပင်လိန်အရှေ့ကျေးရွာတို့သို့သွား ရောက်၍ စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာတွင်းလမ်း ဗြုံးကျောက်ခင်းခြင်း၊ လမ်းဘေးရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးမှုကို ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ပြင်ဦးလွင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇေယျာညို၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းမင်းနှင့် ဝန်ထမ်းများပါဝင်သောအဖွဲ့နှင့် ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ကော်မတီဝင်များ ပါဝင်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် Royal Strength Co.Ltd မှ တာဝန်ယူ‌ဆောင်ရွက်နေသည့် ပင်တီး‌‌ကျေးရွာ၊‌ ရေမောင်းကုန်းကျေးရွာတို့မှ စက်ရေတွင်း တူးဖော်ပြီးစီးနေမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်မှ ကျေးရွာရေကော်မတီဝင်များအား ရေစက်များရေရှည်အသုံးပြုနိုင်ရေးအတွက် စနစ်တကျအသုံးပြုရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြတ်ဆုမွန်

https://www.moi.gov.mm/iprd/news/6542