မိုင်းခတ်မြို့နယ်မှာ လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လုပ်ငန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေး ကျင်းပ

A Project Kick-off Meeting Organized for NCDDP’s Third Year Project Cycle in Mongkhet

Shan, 14 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ယခုအခါ စီမံကိန်းလုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ ကျေးရွာအုပ်စု အစည်းအဝေးကို ဖာလန်ကော်အုပ်စု၊ နမ့်တာပီး ကျေးရွာမှာ အောက်တိုဘာလ ၁၄ က ပြုလုပ်ခဲ့ရာ ကျေးရွာ (၁၁) ရွာက အာခါ၊ လားဟူ၊ ရှမ်း လူမျိုးစု များ ဖြစ်တဲ့ စီထောက် ကောင်မတီ ဝင်တွေ တက်ရောက်ခဲ့ ကြပါတယ်။

အစည်းအဝေးရလဒ် အနေဖြင့် ကျေးရွာ (၅)ရွာမှ လုပ်ငန်း (၃) မျိုးဖြစ်တဲ့​ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊

စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်းနဲ့ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်ဖို့ သဘောတူညီ ခဲ့ကြပါသည်၊

ဖာလန်ကော်အုပ်စု အတွက် တတိယနှစ် စီမံကိန်း ပံပိုးငွေ ကျပ် ၅၅၀သိန်းမှ အသေးသုံးငွေ ၄ ရာခိုင်နှုန်း နှုတ်ပြီး ဒုတိယနှစ် စက်ဝန်း ပိုငွေနှင့် ပေါင်းကာ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကောင်မတီကို တင်ပြပြီး ခွင့်ပြုချက် ကျလာပါက လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြမည် ဖြစ်ပါတယ်။

သတင်း - ခင်မာဌေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage