ညွှန်ကြားရေးမှုး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ မဘိမ်း မြို့နယ်ရှိ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေး

ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်း မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်း စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိရာမှာ

ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှုး ဦးမောင်မောင်ဝင်း ညွှန်ကြားရေးမှုးနဲ့ အဖွဲ့ဟာ

မဘိမ်းမြို့နယ်မှာ ရှိတဲ့ ငအိုး ကျေးရွာနဲ့ ချောင်းဝ ကျေးရွာ တွေမှာ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို

ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး၊ လူထုဗဟိုပြုစီမံကိန်း ကျေးရွာ စီမံခန့်ခွဲရေး အဖွဲ့တွေရဲ့ စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်စဉ် တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့

လိုအပ်တာတွေကို မေးမြန်းခဲ့ပြီး၊ နောက်နှစ် ဆောင်ရွက်မယ့် စီမံကိန်းအတွက် လိုအပ်တာတွေကို ညွှန်ကြားခဲ့ပါတယ်။ အဲနောက်မှာတော့ မဘိမ်းမြို့နယ်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှုးရုံးမှာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်းထမ်းတွေ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းတွေနဲ့

တွေ့ဆုံပြီး လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - စုစုနွေး (မဘိမ်း)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank