လူထု ဗဟိုပြု စီမံကိန်း အခြေခံ အဆောက်အဦး ဆောက်လုပ်ခြင်း ဆိုင်ရာ မွမ်းမံ သင်တန်း လှိုင်းဘွဲမြို့နယ်တွင် ပြုလုပ်

NCDDP’s Refresher Training for Infrastructure Conducted in Hlaingbwe

Kayin, 20 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အခြေခံ အဆောက်အဦး ဆိုင်ရာ မွမ်းမံ သင်တန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ပြုလုပ်တယ်လို့ သိရပါတယ်။

အဲဒီ သင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် အင်ဂျင်နီယာ အကြံပေး နန်းခိုင်ခင်ဦး၊ ကရင်ပြည်နယ် အင်ဂျင်နီယာ အကြံပေး ဦးအောင်ကျော်စံနှင့် မြို့နယ် လက်ထောက် အင်ဂျင်နီယာ အကြံပေးတွေက လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု အရင်းအမြစ် စီစဉ်မှု အစီအစဉ်တွေ၊ အကာအကွယ် စီစစ်ချက်တွေ၊ Environmental & Social Safeguards စီစဉ်မှု အစီအစဉ်တွေ၊ လုပ်ငန်းခွဲတွေ ရေရှည် တည်တံ့ပြီး လည်ပတ် ထိန်းသိမ်း ပြုပြင်ရမည့် စနစ်တွေကို စနစ်တကျ လိုက်နာကျင့်သုံး တတ်ဖို့ စတာတွေကို လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး (၃၂) ဦးကို သင်ကြား ပို့ချပေး ခဲ့ပြီး သင်တန်းကို (၂)ရက်ကြာ သင်ကြားပို့ချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage