လူထုဗဟိုပြု စီမံကိန်း (တတိယ) နှစ်စက်ဝန်း မောက်မယ် မြို့နယ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်​ရေး တွေ့ဆုံဆွေးနွေး

Meeting Held for Implementation of NCDDP’s Third Year Project Cycle Activities in Mawkmai

Shan, 8 October 2020, Ministry of Information

မောက်မယ် ​အောက်တိုဘာ ၈

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယ)နှစ်စက်၀န်း လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နမ့်လွတ် ကျေးရွာ အုပ်စုရှိ ​ကျေးရွာများသို့ ယမန်​နေ့ နံနက် (၁၀)နာရီက လူထု ဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူများက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ လူထု ဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးဝင်းမြတ်သူမှ အဖွင့်အမှာစကား ပြောကြားပြီး နည်းပညာအကြံပေး ဦးမိုင်းဉာဏ်လင်း မှ (တတိယ) နှစ်စက်၀န်း လုပ်ငန်းများ အကောင်အထည်​ဖော် ဆောင်ရွက်ရာတွင်​ ကျေးရွာလူထုနှင့်​ ကော်မတီဝင်များ အနေဖြင့် မိမိ​ကျေးရွာမှ အမှန်တကယ် လိုအပ်သော လုပ်ငန်းခွဲများအား ရွေးချယ်သွားရန်နှင့် တည်ရှိ ကော်မတီဝင်များ အနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်​ ဆောင်ရွက်ပေးသွားကြရန် ဆွေး​နွေး အကြံပြုခဲ့သည်။

ထို့နောက် တာဝန်ကျစည်းရုံးရေးမှူးများနှင့် လက်​ထောက် နည်းပညာမှူး တို့က စီမံကိန်းအကြောင်းများ ပြန်လည် မိတ်ဆက်​ ပြောကြားခြင်း ၊ စီမံကိန်း စက်ဝန်းဖြင့် အကောင်အထည်​ဖော် ဆောင်ရွက်သွားရန် ၊ ​ထောက်ပံ့ ရန်ပုံငွေရရှိမှု ၊ ကျေးရွာစီ/ထောက်​ ကော်မတီဝင်များ အတည်ပြုခြင်းနှင့် လုပ်ငန်းခွဲများ အတည်ပြုခြင်းတို့အား နမ့််လွတ်ကျေး ရွာအုပ်စု အတွင်းရှိ ကွန်ခံ​ကျေးရွာ၊ ဝမ်နားကျေးရွာနှင့် ဖာဟင်ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)

Credit – Ministry of Information

#NCDDP, #DRD, #MOALI, #WorldBank

https://www.moi.gov.mm/iprd/news/15261