ကသာ မြို့နယ် တုန်းပေါကျေးရွာမှာ Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း လုပ်ငန်း ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေး

Completion of Village Concrete Street Construction Activities in Katha Monitored by Respective Officials

Sagaing, 15 October 2020, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကသာ ခရိုင် ကသာ မြို့နယ် တုန်းပေါကျေးရွာမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် Cash for Work စီမံကိန်း နဲ့ဆောင်ရွက်တဲ့ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းတဲ့ လုပ်ငန်း ပြီးစီးမှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၄ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်မြင့်သန်းနဲ့ တာဝန်ရှိသူတွေက စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀၀ နဲ့ဆောင်ရွက်ပြီးစီးခဲ့တဲ့ အရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိတဲ့ ကွန်ကရစ်လမ်း ကို ကြည့်ရှု စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် ကျေးရွာ စီမံကိန်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ လိုအပ်တာတွေကို အကြံပြု ဆွေးနွေး ခဲ့ကြပါတယ်။

ကသာ ခရိုင် အတွင်း မြို့နယ် ၄ မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၂၄ ရွာမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် Cash for Work စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀၀ စီနဲ့ လုပ်ငန်းပေါင်း ၃၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တယ်လို့ သိရှိရပါတယ်။

သတင်း - မျိုးဝင်းညို (ကျွန်းလှ)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage