ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ ကျောက်မဲမြို့နယ်နှင့် နောင်ချိုရှိ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဩဂုတ် ၁၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့နယ်နဲ့ နောင်ချိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်း လုပ်ငန်းတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နဲ့ တာဝန်ရှိသူတွေဟာ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကွင်းဆင်းစစ်ဆေး ကြပါတယ်။

 

အဲလို ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းလင်းထွန်းနဲ့ တာဝန်ရှိသူတွေဟာ ကျောက်မဲမြို့နယ် ကျောက်မဲကြီး ကျေးရွာအုပ်စု၊ ကျောက်မဲကြီး ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ နဲ့ ကျေးရွာအဝင်လမ်း မျက်နှာပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း အလျားပေ ၆၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်း လုပ်ငန်းနဲ့ ရေမြောင်း တူးဖော်ခြင်းလုပ်ငန်း၊ နောင်ချိုမြို့နယ် ငုက္ခလေးကျေးရွာအုပ်စု၊ ဟော်ကုန်း ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ နဲ့ ကျေးရွာတွင်းလမ်း ဗြုန်းခင်းခြင်း အလျား ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၃ လက်မနှင့် ရေမြောင်းတူးဖော်ခြင်း၊ လုပ်ငန်းတွေကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်တာတွေကို မှာကြားပါတယ်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ ပြည်သူတွေ မိသားစုဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ကုစားပေးနိုင်ဖို့ ရည်ရွယ်ပြီး ကျေးရွာရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို Cash for Work စီမံကိန်းနဲ့ ကျေးလက်နေ ပြည်သူတွေ ဝင်ငွေရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက် ပေးနေပါတယ်။

 

သတင်း - စိုးမိုးကျော်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage