ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ ထန်းကုန်း ကျေးရွာတွင်း Cash for Work စီမံကိန်းလုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေး

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နဲ့ တာဝန်ရှိသူတွေက ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ် ထန်းကုန်း ကျေးရွာတွင်း Cash for Work စီမံကိန်းနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတာတွေကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး၊ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့က ထန်းကုန်း ကျေးရွာအတွင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်းနဲ့ ‌ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လှည့်လည် ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

အဲဒီနောက် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဒေသခံတွေနဲ့ တွေ့ဆုံကာ ကျေးရွာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းက ရရှိတဲ့ ရန်ပုံငွေထဲက လုပ်အားခ ပေးနိုင်ရေး လုပ်ငန်းတွေကို ရွေးချယ်ဖို့ စစ်ဆေးခံနိုင်ဖို့ အတွက် ကြိုတင်မျှော်မှန်း လုပ်ဆောင်ထားဖို့ကို ဆွေးနွေး မှာကြားခဲ့ပါတယ်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့က တောင်ငူခရိုင် အတွင်းရှိ ဖြူးမြို့ အုတ်တွင်းမြို့နယ်နဲ့ ရေတာရှည် မြို့နယ်က Cash for Work စီမံကိန်းနဲ့ဆောင်ရွက်မယ့် ကျေးရွာတွေကို သွားရောက်ပြီး၊ ဒေသခံတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လဲ သိရပါတယ်။

သတင်း - ခင်ကို (ကျောက်တံခါး)

#CERP, #CFW, #DRD, #MOALI