Cash for Work Activities in Mongyai Township Completed 100 Percent
Shan, 29 September 2020, Ministry of Information
မိုင်းရယ် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ပန်ဟုန်း၊ကောင်းစံ၊ ကုန်းမုံကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“ကိုဗစ်-၁၉ ကာလမှာ ကျေးလက်နေပြည်သူများဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်ပြီးတော့ ကျေးရွာတစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း၁၀၀စီ ထောက်ပံ့ ပေးပြီး ယခုစီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်၊ လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာလဲ လုပ်အားတန်ဖိုး ၆၀ရာခိုင်နှုန်း ၊ ပစ္စည်းတန်ဖိုး ၄၀ရာခိုင်နှုန်း သတ်မှတ်ကာ လုပ်အားခပေးချေသည့်စနစ် (Labour Intensive)ဖြင့်သာ ကျေးရွာလူထု ကိုယ်တိုင် မိမိကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါတယ်၊ အဲ့ဒီ အတွက် အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုများနဲ့ ဆင်းရဲသောမိသားစုများကို ဝင်ငွေရရှိ စေခဲ့ပါတယ်” ဟု မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအုန်းမြင့် က ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းထောက်ပံ့ငွေဖြင့် ကျေးရွာ(၃)ရွာတွင် မြေသားလမ်း ပြုပြင်ခြင်းနှင့် ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း၊ ကျောင်းဆောင်ပြုပြင်ခြင်းလုပ်ငန်း ၊ ရေပေးရေးလုပ်ငန်း စသည့်လုပ်ငန်းခွဲများကို ကျေးရွာ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်
ရှမ်းပြည်နယ်
#CFW, #CERP, #DRD, #MOALI
Credit – Ministry of Information