မြင်းမူနဲ့ ထီးချိုင့် မြို့နယ်တို့မှာ ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Covid-19 Economic Relief Plan Project Activiites Completed in Myinmu and Tigyaing

Sagaing, SkyNet Media Coverage

ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်တဲ့ Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်ပါတယ်။

မြင်းမူ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆ ရွာမှာ Cash for Work စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၆၀၀ နဲ့ လမ်းပြုပြင်တာ စာသင်ကျောင်း အပြီးသတ်ဆောင်ရွက်တာ ရေပိုက်လိုင်း သွယ်တန်းတာ စတဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပြီး၊ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) နဲ့ စီမံကိန်း မိတ်ဆက်တာ ၊ ကျေးရွာ ကော်မတီ ဖွဲ့စည်းတာ၊ စီမံကိန်း စည်းကမ်းတွေ သတ်မှတ်တာ ချေးငွေ လျောက်လွှာခေါ်ယူတာ၊ ချေးငွေ အတည်ပြုတာ၊ ရန်ပုံငွေ လွဲပြောင်း ပေးအပ်တာနဲ့ စီမံကိန်း လုပ်ငန်း တွေ ဆောင်ရွက်တာ အားလုံးကို လည်း ကျေးရွာ ၆ ရွာမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အလားတူ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းနဲ့ ထီးချိုင့် မြို့နယ် ရွာပေါင်း ၆ ရွာရှိ ကျေးရွာနေ ပြည်သူတွေ ဝင်ငွေ ရရှိရေး လုပ်ငန်းတွေ ဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် ခွင့်ပြု ရန်ပုံငွေကျပ် သိန်း ၁၇၀၀ နဲ့ဆောင်ရွက်နိုင်ခဲ့ပြီး၊ Cash for Work စီမံကိန်း နဲ့ ကွန်ကရစ် ဘီးလမ်းကို အုတ်ဆုံ၊ ဖုန်ကုန်းကြီး၊ ချိတ်သင်၊ ဘိုကုန်း၊ ဇီးသောင်(ရ)၊ ဝန်တင်ကုန်း ကျေးရွာတွေမှာ ကိုဗစ်-ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့တဲ့အတွက် သက်ဆိုင်ရာ ကျေးရွာ ပြည်သူတွေအတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။

အဲဒီ ကွန်ကရစ် ဘီးလမ်းကို ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် Cash for Work စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၆၀၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit- SkyNet Media Coverage

#CFW, #CERP, #DRD, #WorldBank, #NCDDP