လှိုင်းဘွဲ မြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီစီး

Cash for Work Activities in Hlaingbwe Completed 100 Percent

Kayin, 29 September 2020, Ministry of Information

ကရင် ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်မှာ ကျေးလက်နေ ပြည်သူများ ဝင်ငွေ လျော့နည်းလာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ CERP အစီအစဉ် အရ Cash for Work ထောက်ပံ့ ရန်ပုံငွေဖြင့် လှိုင်းဘွဲ့ မြို့နယ် အတွင်း ရှိ ကျေးရွာ ၂၅ ရွာမှာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယခုဆိုရင် အဆိုပါ စီမံကိန်း လုပ်ငန်းများ အားလုံးကို ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် သိန်း ၁၀၀ စီဖြင့် လှိုင်းဘွဲ့မြို့နယ် အတွင်း ရှိ ကျေးရွာ ၂၅ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်း ၁၆ ခု၊ ရေရရှိရေး လုပ်ငန်း ၃ ခု၊ ကျန်းမာရေး လုပ်ငန်း ၆ ခု၊ ပညာရေး လုပ်ငန်း ၇ ခု၊ စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ၃၂ ခုတို့အား ရာနှုန်း ပြည့် ပြီးစီးပြီ ဖြစ်ကြောင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက အခုလိုပဲ ပြောပါတယ်။

“မင်္ဂလာပါ၊ ကျမကတော့ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း ဖြစ်ပါတယ်။ ကျမတို့ လှိုင်းဘွဲ့ မြို့နယ် အတွင်းမှာ ဆိုလို့ ရှိရင် ကိုဗစ်-ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ဆောင်ရွက် တဲ့ CERP အရ ဆောင်ရွက်တဲ့ Cash for Work စီမံကိန်းကို လှိုင်းဘွဲ့ မြို့နယ် အတွင်းမှာ ကျေးရွာပေါင်း ၂၅ ရွာ လုပ်ငန်းပေါင်း ၃၂ ခုနဲ့ ခွင့်ပြုငွေ ကျပ်သန်း ၂၅၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လာတာ အခုဆိုရင် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။”

“လုပ်ငန်းခွဲပေါင်း ၃၂ ခုဟာ ဆိုရင် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းမှာ ၁၆ ခု၊ ရေရရှိရေးမှာ ၃ ခု၊ ကျန်းမာ သန့်ရှင်းရေးမှာ ၆ ခု၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ပြုပြင်ခြင်းမှာ ၇ ခု၊ စုစုပေါင်း လုပ်ငန်း ၃၂ ခုကို ၁၀၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးပြီး ဖြစ်ပါတယ်”

အဆိုပါ Cash for Work စီမံကိန်း လုပ်ငန်းသည် ကျေးရွာ လူထု ကိုယ်တိုင် မိမိတို့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်ကာ ချက်ချင်း လုပ်အားခ ပေးချေ စနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ ၂၅ ရွာမှာ အကောင်အထည် ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး၊ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများမှ အခြေခံ ကုန်ထုတ် ထွက်ကုန်များ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တစ်ကူ သယ်ယူ ပို့ဆောင်နိုင်ခြင်း၊ ကျေးလက် ပြည်သူများ၏ လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အကျိုး ဖြစ်ထွန်းမည် ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း - လှိုင်းဘွဲ့ ပြန်/ဆက်

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/index.php/video/6569