နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာတွင် Cash for Work စီမံကိန်း လုပ်ငန်း(၄)ခုအနက် တတိယမြောက် လုပ်ငန်းဖြစ်သည့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်

နန်းယွန်း သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာ တွင် မြို့နယ်ကျေးလက်ဒေသဖံွ့ဖြိုး တိုးတက်ရေးဦးစီးဌာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဟာဝါးကျေးရွာ တွင်Cash For Work စီမံကိန်းလုပ်ငန်း(၄)ခုအနက် တတိယမြောက်လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်သည့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာကော်မတီဝင်များ၊ မြို့နယ် ကျေးလက် ဒေသဝန်ထမ်းများက သြဂုတ် ၄ ရက်နေ့မှ စတင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးမှု ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ဟာဝါးကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းသည် ပေပေါင်း(၁၀၀၀)ပေရှိ ရေပိုက်လိုင်း သွယ် တန်းခြင်း ဖြစ်၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ကျေးလက်နေ ပြည်သူများအလွယ်တကူ သောက်သုံးရန် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဟန်ကမ်း ( ပြန်/ဆက် )

https://www.moi.gov.mm/iprd/news/3075