Cash for Work စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

သရက်ချောင်း စက်တင်ဘာ ၅

နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်−၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ် အရ ကျေးလက် ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ (၃)ရက်နေ့ က သရက်ချောင်း မြို့နယ် စော်ဖျား ကျေးရွာအုပ်စု မိုးရွှေကူး ကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ပဲဒက်ကျေးရွာအုပ်စု တံခွန်တိုင် ကျေးရွာတွင် ကျေးရွာလမ်း ပြုပြင်ခြင်းလုပ်ငန်း၊ စုံစင်ကျေးရွာအုပ်စု စုံစင်ကျေးရွာတွင် ကျေးရွာ စာသင်ကျောင်း ပြုပြင်ခြင်း လုပ်ငန်း၊ ပဒေါက်ကြီးကျေးရွာအုပ်စု ပဒေါက်ကြီးကျေးရွာတွင် ကုန်ထုတ်လမ်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား သတ်မှတ်စံနှုန်း ပြည့်မီစေရေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးစေရေး အတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုနောက် တိုင်းဒေကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှုး ဦးတင်နုနှင့် တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြ ကြသည်။ အဆိုပါ Cash For Work စီမံကိန်း လုပ်ငန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ တစ်ရွာလျှင် ကျပ်သိန်းတစ်ရာဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုး၍ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင်အကောင်အထည် ဖော်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းအောင်ထွန်း ထံမှ သိရသည်။

သရက်ချောင်း(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/9026