ပြင်ဦးလွင် မြို့နယ်နှင့် တံတားဦး မြို့နယ် တို့တွင် Cash for Work စီမံကိန်း လုပ်ငန်းများ ပြီးစီး

Cash for Work Project Activities in Pyin Oo Lwin and Tada-U Townships Completed

Mandalay, SkyNet Media Coverage

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်နဲ့ တံတားဦး မြို့နယ်တို့မှာ Cash for Work စီမံကိန်းနှင့် ဆောင်ရွက်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ အခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့နယ် အတွင်း Cash for Work စီမံကိန်း ပံ့ပိုးငွေနှင့် ကျေးရွာပေါင်း ၇ ရွာမှာ ရွာတွင်းလမ်း ပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရေမြောင်းဖုံး ပြုလုပ်ခြင်း၊ Slab Culvert တည်ဆောက်ခြင်း၊ မြေကာနံရံ ကျောက်စီခြင်း စတဲ့ လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပါတယ်။

အလားတူ တံတားဦး မြို့နယ်အတွင်း Cash for Work စီမံကိန်း ပံ့ပိုးငွေနဲ့ ကျေးရွာပေါင်း ၁၀ ရွာမှာ ရွာတွင်းလမ်း မြေသားတင် ဂျင်းခင်းခြင်းနဲ့ လမ်းဘေး ရေမြောင်း တူးဖော်ခြင်း လုပ်ငန်း ၇ ခု၊ မြေသားရေကန် ပြုပြင် တူးဖော်ခြင်း လုပ်ငန်း ၁ ခု၊ အမှိုက်ကျင်း တူးဖော်ခြင်း ၂ ခု၊ ရွာတွင်းလမ်း မြေသားခင်းခြင်း ၂ ခု၊ ရေတားတံမံ သဲစီခြင်း တစ်ခု၊ ရေနုတ်မြောင်း တူးဖော်ခြင်း ၁ ခု၊ ရွာတွင်းလမ်း ဂျင်းခင်းခြင်း ၁ ခု၊ စတဲ့ လုပ်ငန်းပေါင်း ၁၅ ခုကို ဆောင်ရွက် လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Credit- SkyNet Media Coverage

#CFW, #CERP, #DRD, #MOALI