ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

DRD Has Accomplished Cash for Work Project Activities in Kungyangon

Yangon, 24 September 2020, Ministry of Information

ကွမ်းခြံကုန်း စက်တင်ဘာ ၂၄

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ် ကျေးလက်‌ ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ကာလ အတွင်း ကျေးလက်နေ ပြည်သူများ စီးပွားရေး အခက်အခဲများ လျော့ပါး သက်သာလာ စေရန်နှင့် ဒေသခံ ပြည်သူများ လုပ်ခဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ‌ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်း ဆောင်ရွက်ရန် ထင်းပုံဆိပ် ကျေးရွာ၊ အထက်ဆိပ်ကျေးရွာ၊ သိုက်ကုန်းကျေးရွာ၊ ညောင်နီကုန်းကျေးရွာ၊ ဘိုးသီကုန်းကျေးရွာ၊ မယ်ရပ်ကုန်းကျေးရွာ၊ ဘောစကိုင်းကျေးရွာ၊ တောကဆော့ ကျေးရွာများတွင် မြေသားလမ်း ပြုပြင်ခြင်း၊ ရေမြောင်း တူးဖော်ခြင်း၊ ဘက်စုံသုံးခန်းမ ခြံစည်းရိုး ကာရံခြင်း၊ ရေကန်ခြံစည်းရိုး ပြုပြင်ခြင်း၊ ရေကန်ဘောင် ပြုပြင်ခြင်း၊ ရေကန် အုတ်လှေကားထစ်ပြုလုပ်ခြင်း၊ ရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း၊ အုတ်ဘောင်ခတ်ခြင်း လုပ်ငန်းများကို‌ ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ငွေသိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးရွာ ကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာလူထု ကိုယ်တိုင်လုပ်ကိုင်၍ လုပ်ခဝင်ငွေ ရရှိစေပြီး စီးပွားရေး အခက်အခဲများ လျော့ပါး သက်သာလာစေရန်၊ ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12662