ဟုမ္မလင်း မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

စစ်ကိုင်း တိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် ရှမ်းမိုင်းတောင်း ကျေးရွာနဲ့ နောင်ရင်း ကျေးရွာတို့မှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာတွင်း လမ်း ကျောက်ရောမြေ ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ တွေကို စက်တင်လာလ ၆ ရက်နေ့က တာဝန်ရှိသူတွေက ကွင်းဆင်း ကြီးကြပ်ခဲ့တယ်လို့ သိရပါတယ်။

အဲလို ကွင်းဆင်း စစ်ဆေးရာမှာ ဟုမ္မလင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးမင်းလတ်နဲ့ ဝန်ထမ်းများ အဖွဲ့က ကျေးရွာ ကော်မတီဝင်တွေနဲ့ အနဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ သိန်း ၁၀၀ နဲ့ ရှမ်းမိုင်းတောင်း ကျေးရွာနဲ့ နောင်ရင်း ကျေးရွာတို့မှာ ကျေးရွာတွင်းလမ်း ကျောက်ရောမြေ ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ငွေစာရင်း ဇယား ဖြည့်သွင်း ထားရှိမှုကို ကြည့် ရှု့ စစ်ဆေးကာ လုပ်ငန်းကို သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေး ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းနဲ့ Cash for Work စီမံကိန်းကို ဟုမ္မလင်း မြို့နယ်အတွင်း ကျေးရွာတွေမှာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဟုမ္မလင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးမင်းလတ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

သတင်း -‌ ဇော်မင်းဌေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage