ကွန်ဟိန်းမြို့၌ Cash For Work (CFW) စီမံကိန်း၊ ကျေးရွာအဆင့်စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချ

ကွန်ဟိန်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ Cash For Work (CFW)စီမံကိန်း၊ ကျေးရွာအဆင့် စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးတင်ဆူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် အငယ်တန်းအင်ဂျင်နီယာ(၂) ဦးဇော်မင်းထွန်း၊ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်မိုးဦးနှင့် ဒေါ်ဝင်းလဲ့လဲ့အောင်တို့က ကျေးရွာအဆင့် စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းများအား ပို့ချခဲ့သည်။ အဆိုပါ သင်တန်းသို့ ဝမ်ခင်းကျေးရွာ၊ လုပ်ခိုက်ကျေးရွာ၊ နောင်မွန်းကျေးရွာမှ တာဝန်ခံ (၁၅)ဦးမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA...