ညောင်တုန်းမြို့နယ် အတွင်းရှိ Cash for Work စီမံကိန်း ကျေးရွာများတွင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ပြီးစီးမှု ကွင်းဆင်း စစ်ဆေး

Completion of Cash for Work Project Activities in Nyaungdon Monitored by Respective Officials

Ayeyarwaddy, 2 October 2020, Ministry of Information

ညောင်တုန်း အောက်တိုဘာ ၂

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် CERP အစီအမံအရ Cash for Work စီမံကိန်း ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက် ၉ နာရီတွင် စီမံကိန်း ကျေးရွာများ၌ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက Cash For Work စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော ရွာသာညွန့် ကျေးရွာ ကျေးရွာအတွင်းလမ်း အရှည် ၄၅၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာတွင်းလမ်း အရှည် ၁၃၀၀ ပေ၊ အကျယ် ၉ ပေ၊ အမြင့် ၈ လက်မထ ုမြေသားလမ်း‌ခင်းခြင်း၊ ထော်ကလို့ကျေးရွာ ကျေးရွာအတွင်းလမ်း အရှည် ၅၉၀ ပေ၊ အကျယ် ၇ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာတွင်းလမ်း အရှည် ၁၆၀၀ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၁ ပေထု မြေသားလမ်း‌ ပုခုံးကပ်ခြင်းနှင့် ကျေးရွာစာသင်ကျောင်းဝန်း မြေဖို့ခြင်း လုပ်ငန်းများ အားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်း လုပ်ငန်းများ ရေရှည် အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်‌ ကျေးရွာ ကော်မတီများ အား မှာကြားခဲ့သည်။

ညောင်တုန်းမြို့နယ်၌ Cash for Work စီမံကိန်းကို ကျေးရွာ ၆ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းခွဲ ၂၀ ခုရှိ‌ ကြောင်းနှင့် ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/14033