ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း လယ်ဝေးမြို့နယ် အတွင်း Cash for Work စီမံကိန်းလုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုတွေ အလုပ်အကိုင် ရရှိစေဖို့ ရည်ရွယ်ပြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းဟာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဦးစီးမှူး လိုက်ပါပြီး၊ အဲဒီ စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ လယ်ဝေးမြို့နယ် သာဝတ္ထိကျေးရွာအုပ်စု ရသေ့တောင် ကျေးရွာ စာသင်ကျောင်း အဝင်လမ်း ရိဇာခင်းခြင်း၊ ရေမြောင်း တူးဖော်ခြင်း၊ စာသင်ကျောင်း ခြံစည်းရိုး တည်ဆောက်ခြင်း၊ ၂ ခန်းတွဲ အိမ်သာ တည်ဆောက်ခြင်းလုပ်ငန်းနဲ့ တည်ထောင် အုပ်စု ကြံဖိုစု ကျေးရွာ ရွာတွင်း အုတ်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ရွာတွင်းလမ်းတွေ ရိဇာခင်းခြင်းနဲ့ ရေနုတ်မြောင်းတူးဖော်တဲ့ လုပ်ငန်းတွေကို ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကြည့်ရှု့ အားပေးခဲ့ပြီး လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်းပေးတယ်လို့ သိရပါတယ်။

 

သတင်း - ရည်ရည်မြ (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage