ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်းရှိ ငွေပေး အလုပ်ပေးစနစ် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Project Activities in Ye-U of Shwe Bo District Completed 100 Percent

Sagaing, 30 September 2020, Ministry of Information

ရေဦး စက်ဝာင်ဘာ ၃၀

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက် ရှိသော စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း ရေဦး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းကို ရေဦးမြို့နယ် အတွင်းရှိ ထန်းတောကုန်း၊ ဝက်ဖိုး၊ ရွာဗုကြီး၊ ရွှေကျင်မော်၊ ဘုတ်နှင့် ဇိန့်ဇွန်း(န)ကျေးရွာများတွင် ရေသွယ်မြောင်းများ တူး ဖော်ခြင်း /ပြုပြင်ခြင်း၊ ကျေးရွာတွင် လမ်းများအား ဂျင်းလမ်းခင်း စသည့် ကျေးရွာ ဖွံ့ဖြိုး ရေး လုပ်ငန်းများကို (၇)လပိုင်း ဒုတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန် တွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ Cash For Work စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ် တစ်ရပ်ဖြစ်ပြီး ကိုဗစ်ကာလ အတွင်း ဝင်ငွေနည်းကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်း ဝင်ငွေရရှိစေကာ ကျေးရွာအခြေခံ အဆောက်အဦများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)ချထားပေးပြီး မိမိတို့ကျေးရွာ၏ လိုအပ်သော လမ်းခင်းခြင်း၊ ရေနှုတ် မြောင်းတူးဖော်ခြင်း၊ သောက်ရေကန်များ တူးဖော်ခြင်းနှင့် အခြေခံအဆောက် အဦများ ဆောင်ရွက်ခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း အပြီးဆောင်ရွက်ရကြောင်း‌ ရေဦး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်း‌အေး မှပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13614