ကျောက်မဲခရိုင် မြို့နယ် ၆ မြို့နယ်၊ မူဆယ်မြို့နယ်နှင့် ဖျာပုံခရိုင် ဖျာပုံမြို့နယ်တို့တွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီ

Cash for Work Activities Accomplished in Various Regions

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခု ဘဏ္ဍာရေး နှစ်မှာ ခရိုင် အတွင်း ရှိ မြို့နယ် ၆ မြို့နယ်မှာ ကျေးရွာ ၃၉ ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျောက်မဲမြို့နယ်နဲ့ နောင်ချိုမြို့နယ် သီပေါမြို့နယ်၊ နမ္မတူ မြို့နယ်၊ နမ့်စမ် မြို့နယ်နဲ့ မန်တုန် မြို့နယ်တို့မှာ ကျေးရွာ ၃၉ ရွာအတွက် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ၆၉ ခုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စတင် အကောင် အထည် ဖော်ခဲ့ရာ အခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း ခရိုင် ဦးစီးမှူး ဦးစောမြင့်ထွန်းထံမှ သိရပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဖျာပုံမြို့နယ် အတွင်း ကျေးရွာ ၆ ရွာမှာလည်း Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီနဲ့ စုစုပေါင်း လုပ်ငန်းခွဲ ၁၂ ခုကို ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ဇူလိုင်လ စတုတ္ထပတ်မှာ စတင် အကောင် အထည် ဖော်ခဲ့ရာ အခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ဦးစိးမှူး ဦးသက်မင်းထွန်းထံမှ သိရပါတယ်။

အလားတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၆ ရွာမှာ ကျေးရွာ မတည် စီမံကိန်း VRFP နဲ့ Cash for Work စီမံကိန်းတို့ကို ဆောင်ရွက်လျက် ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ပါတယ်။

မူဆယ် မြို့နယ်အတွင်းရှိ ကျေးရွာ မတည်ရန်ပုံငွေ နဲ့ ကျေးရွာပေါင်း ၃ ရွာမှာ ငွေကျပ် သိန်း ၆၀၀ ရန်ပုံငွေ ထုတ်ချေးပေးခြင်းနဲ့ Cash for Work စီမံကိန်း ၃ ရွာမှာ ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၃၀၀ နဲ့ ကျေးရွာတွင်း လမ်း ဗြုန်းခင်းခြင်း လုပ်ငန်း ၃ ခုတို့ကို ဇွန်လှိုင်လ စတုတ္ထပတ်က စတင် အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ စတုတ္ထပတ်အတွင်း လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ပြီ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်ထွေးထံမှ သိရပါတယ်။

Credit – SkyNet Media Coverage

#CFW, #CERP, #DRD, #MOALI