ရေးမြို့နယ်၌ Cash for Work စီမံကိန်း၊ ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ပို့ချ

ရေး ဇူလိုင် ၁၄

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအကျိုးဆက် သက်ရောက်ခြင်းခံ ရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့်အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက် စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) လူထုဗဟိုပြုစီမံကိန်းမှ (Infrastruiture Auistant) ဦးစွမ်းထက်အောင်မြင်နှင့် အဖွဲ့ဝင်များက Cash For Work စီမံကိန်းအကြောင်းနှင့် စီမံ ကိန်းစက်ဝန်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ၊ လိုက်နာ ရမည့်စည်းကမ်းချက်များ၊ အကျုံးဝင်သော လုပ်ငန်းခွဲများနှင့် အကျုံးမဝင်သော လုပ်ငန်းခွဲများ၊ စီမံ ကိန်းလုပ်ငန်းခွင်အတွက် ပြင်ဆင်ခြင်းကိစ္စရပ်များ၊ ဝယ်ယူရေးလမ်းညွှန်ချက်များနှင့် ပုံစံများ၊ ငွေ ကြေးစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများနှင့်ပုံစံများ၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် သတင်းအချက် အလက်ကောက်ယူခြင်း ပုံစံများကို စနစ်တကျသင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်း Cash For Work စီမံကိန်းအတွက် ကျေးရွာအုပ်စု(၁၀) အုပ်စုမှ ကျေးရွာ(၂၅)ရွာကို ရွေးချယ်ခဲ့ပြီး ကျေးရွာတစ်ရွာချင်းစီမှ ကော်မတီဝင်(၃)ဦးဖြစ် ကော်မတီ ဝင်စုစုပေါင်း(၇၅)ဦးတို့အား ယမန်နေ့က(၁)ရက်တည် ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ မြို့နယ်ဦးစီးမှူး ဦးခင်စိုးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/14/07/2020/id-23800