မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန Cash For Work စီမံကိန်း ကျေးရွာ အဆင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

ဂန့်ဂေါ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက် နေပြည်သူတို့၏ လူမှုစီးပွားရေးထိခိုက်မှုများကို ကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့ နံနက်(၈)နာရီက အ.ထ.က (ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း က အဖွင့်အမှာစကား ပြောကြားပြီး ဂန့်ဂေါခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်က (Cash For Work) စီမံကိန်း ဆောင်ရွက်နိုင်ရေး ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းအချက်အလက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိဖြူဇင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးတို့က (Cash For Work)စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကော်မတီအဖွဲ့ဝင်များ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအကြောင်း၊ ကျေးရွာကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရည်ရွယ်ချက်၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကျိုး ကျေးဇူးများ စသည့်အချက်အလက်များကို သင်ကြားပေးခဲ့ပြီး ကျေးရွာအုပ်စုများမှ သင်တန်းသား/သူ(၇၀)ဦး တို့တက်ရောက် ခဲ့ကြောင်းနှင့် (Cash For Work)စီမံကိန်းအား ဂန့်ဂေါမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ( ၁၀ )အား အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)

#CERP, #CFW, #DRD, #MOALI