တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှုအား တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေး

Cash for Work Activities in Various Regions Monitored by Respective Officials

Monday, August 03, 2020, MRTV Media Coverage

Covid-19 ဖြစ်ပွားနေစဉ် ကာလအတွင်းမှာ ကျေးလက်ဒေသများမှာ ပြည်သူများရဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားနိုင်ဖို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ Cash for Work စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိရာမှာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်တို့ရှိ ကျေးရွာများမှာ နိုင်ငံတော်မှ ထောက်ပံ့ငွေ သိန်း ၁၀၀ နဲ့ Cash for Work စီမံကိန်း လုပ်ငန်းများဖြစ်တဲ့ ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း၊ ကွန်ကရစ် တံတား တည်ဆောက်ခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက သွားရောက် စစ်ဆေးပြီး၊ အဆိုပါ မြို့နယ်များအတွင်းမှာ ရှိတဲ့ ကျေးရွာ ၆ ရွာမှာ ယခု ဘဏ္ဍာနှစ်မှာ အပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အလားတူ မကွေးတိုင်း ဒေသကြီး မြို့သစ် မြို့နယ် အတွင်းမှာ Covid-19 Economic Relief Plan (CERP) ဖြင့် မိုးစပါး မျိုးသန့်ထုတ် စိုက်ကွင်း၊ လုပ်ငန်း ဆောင်ရွက်နေမှုများနဲ့ ကျေးရွာ မိသားစုများ စားဖိုဆောင် သီးနှံ ပျိုးပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ပြီးတော့ စိုက်ပျိုး နည်းပညာပေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ပိုမို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရပါတယ်။

ထို့အတူ မကွေးတိုင်း ဒေသကြီး ဂန့်ကော မြို့နယ် ဘူတာသစ်ကျေးရွာနှင့် တဇန်းကျေးရွာများမှာ Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ဖြင့် ဒေသခံ ပြည်သူများကိုယ်တိုင် ဆောင်ရွက်နေတဲ့ ကျေးရွာအတွင်း လမ်းပြုပြင်ခြင်းနဲ့ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ရှိ ကျေးရွာ ၅၀ နဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှုးမြို့နယ် အတွင်းမှာ Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ ပြည်သူများရဲ့ စားဝတ်နေရေးများ အဆင်ပြေစေဖို့ နိုင်ငံတော် ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ စီနဲ့ ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်း လုပ်ငန်းများကို ကျေးရွာတွင်း လမ်း တံတား ပြုပြင် တည်ဆောက်ခြင်း၊ ရေကန် ခြံစည်းရိုး ကာရံခြင်း၊ ရေမြောင်း တူးခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

သတင်း - တိုင်းဒေသကြီး (ပြည်/နယ် ပြန်ဆက်)

#CERP, #CFW, #DRD, #MOALI

MRTV Media Coverage

https://youtu.be/55HNPFH3c2Q

https://www.mrtv.gov.mm/mm/news-83404