ဇလွန်မြို့နယ် အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Cash for Work Project Activities in Zalun Completed 100 Percent

Ayeyarwaddy, 28 September 2020, Ministry of Information

ဇလွန် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်း ဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်သည့် Cash for Work စီမံကိန်း (၁၂) ရွာနှင့် (VRFP) ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (၂) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွား ဘဝများ ထိခိုက်ခဲ့ရသည့် ကျေးလက်နေ ပြည်သူများကို နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် လုပ်ငန်း စီမံချက်အရ ဆောင်ရွက်ပြီး ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသေးစား စက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု (၁၃၄) စုအား ငွေကျပ်သန်း (၅၀.၀) ထုတ်ချေး ပေးနိုင်ခဲ့ပြီး အတိုးနှုန်း အနေဖြင့် စီမံကိန်း စတင်ဆောင်ရွက်သည့် ပထမနှစ်တွင် ငွေကျပ် (၁၀၀) အတွက် အတိုးနှုန်း တစ်လလျှင် ပြား(၅၀) နှုန်း သတ်မှတ်ပြီး တိုးပွားလာသော ငွေများအား ကျေးရွာပိုင်ငွေ အဖြစ် ထားရှိ၍ ချေးငွေပိုမို ထုတ်ချေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်း၏ ပြောကြားချက်အရ သိရသည်။

ဝေယံ(ဇလွန်)

ဧရာဝတီတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13291