ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဘုတလင်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် COVID -19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ Cash for Work စီ

၁၈ ဇူလိုင်လ

ကျေးလက်နေ ပြည်သူများ ကုန်ထုတ်လုပ်ငန်းနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီးတော့ လုပ်အားခ ငွေများ ပေးချေခြင်း ဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေဖို့နဲ့ ကျေးရွာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီးတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းများကို ပို့ချပေးလျက် ရှိရာမှာ ကချင်ပြည်နယ် ဗန်းမော် ခရိုင် ရွှေကူမြို့နယ် ပန်းတင်ကျေးရွာ အုပ်စု မြိုင်သာကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံမှာ ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီးတော့ Cash For Work စီမံကိန်းကျေးရွာ ၆ ရွာအတွက် သင်တန်းများ ပို့ချခြင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက် မြို့နယ် မှန်ကပ် ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဇရပ်နဲ့ ဆည်ဦးကျေးရွာ အလယ်တန်းကျောင်းမှာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ကျေးရွာ ၉ ရွာနဲ့ Cash For Work စီမံကိန်းကျေးရွာ ၆ ရွာအတွက် သင်တန်း ပို့ချခြင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ Cash For Work စီမံကိန်း ဆောင်ရွက်မယ့် ကျေးရွာ ၆ ရွာမှာ ကော်မတီဝင် သင်တန်းသားများကို တစ်ရက်တာ စာတွေ့ လက်တွေ့ သင်ကြား ပို့ချခြင်းကို လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ မြို့နယ်ရှိ အထက ဂန့်ဂေါ ပုံညာ ခန်းမမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး၊ Cash For Work စီမံကိန်း ကျေးရွာ အုပ်စုများမှ သင်တန်းသားများအား သင်တန်းပေးခြင်းကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ရှိ စုပေါင်း စည်းဝေးခန်းမမှာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား Cash For Work သင်တန်း ပို့ချခြင်းကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ်ရှိ ဧရာ သီရိ သုခ ခန်းမမှာလည်း စီမံကိန်း ကျေးရွာ ၈ ရွာမှ ကော်မတီဝင်များကို သင်တန်းများ ပို့ချ ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း - ပုသိမ် သတင်းဌာနခွဲ (တိုင်းဒေသကြီး ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.mrtv.gov.mm/mm/news-81695