Cash for Work & Village Revolving Fund Project ဆောင်ရွက်မည့်ကျေးရွာများအား စီမံကိန်းတာဝန်နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

မောက်မယ် ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work & Village Revolving Fund Project ဆောင်ရွက်မည့် ကျေးရွာများအား စီမံကိန်း တာဝန်နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက Cash for Work စီမံကိန်းဆောင်ရွက်မည့် ကျောင်းခမ်းကျေးရွာ၊ ထီဝါးဖေါ့ကျေးရွာ၊ ဒုံပုံးကျေးရွာများသို့ ရန်ပုံငွေကျပ်သိန်း (၁၀၀)စီကိုလည်းကောင်း ကျေးရွာမတည်ရံပုံငွေ Village Revolving Fund Project စီမံကိန်းဆောင်ရွက်မည့် ထီတခေါ့ကျေးရွာ၊ လွိုင်ခွမ်ရွာဟောင်းကျေးရွာ၊ လွိုင်ဆမ်ဆစ်ကျေးရွာ၊ ကုန်းမလန်းကျေးရွာ၊ မိုက်ဟိုင်းကျေးရွာများသို့ ကျပ်သိန်း(၃၀၀)စီနှင့် ထီဟန်ခွီးကျေးရွာသို့ ကျပ်သိန်း (၂၀၀)အား ကျေးရွာကော်မတီများထံသို့ ရန်ပုံငွေများအသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/28/07/2020/id-25389