မိုးနဲမြို့၌ ကျေးရွာမတည်ရန်ပုံငွေ (Cash For Work) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

မိုးနဲ ဇူလိုင် ၁၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်မှုကို ကုစားနိုင်ရေးနှင့် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ (Cash For Work) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝမ်နားကျေးရွာအုပ်စု ဆောင်ကျဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇေယျာမင်းက အဖွင့်မိတ်ဆက် စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်အိအိမွန်က စီမံကိန်း ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကော်မတီဝင်များ လုပ်ဆောင်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့် ကျေးရွာနေပြည်သူများက ကော်မတီဖွဲ့စည်းနိုင်ရေး မဲပေးစနစ်ဖြင့် ရွေးချယ် ရာ ကျေးရွာကော်မတီဝင် အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦးစုစု‌ပေါင်း ကော်မတီဝင် ၇ ဦး ကိုရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (Cash for work ) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း၊ ကျေးလက်နေပြည်သူများ ချက်ချင်း ဝင်ငွေရရှိစေခြင်း စသော အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပြီး စီမံကိန်းဝင်ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်း(၁၀၀) နှုန်းဖြင့် ကျေးရွာသုံးရွာကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)

#CERP

#CFW

#DRD

#MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/10/07/2020/id-23528